ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လွိုင်ကော်မြို့နယ် စိုက်ကွင်း(၃) ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၍ ကော်မတီဖွဲ့စည်းခြင်း

Date : 28 April 2026

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဧပြီ ၂၇ ရက် နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမြင့်က အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်ခရိုင်ဦးစီးမှူး ဒေါ်အိအိခင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP )ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ၎င်းစီမံကိန်းကို ကျေးရွာသူ/သားများက တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်ကော်မြို့နယ်ဦးစီးမှူး ဦးနျားရယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ကျေးရွာများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကျသော စိုက်ကွင်း(၃) ကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ