၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀) စီမံချက်တွင်၊ )တောတွင်ကျေးရွာ၌ VDP စီမံကိန်းဖြင့်ကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းသတင်း
Date : 31 May 2026
ပုသိမ်ကြီး မေ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် တောတွင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေ ၂၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို နှင့် VDP စီမံကိန်းကော်မတီဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း'ဆောင်ရွက်ပေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၊ တောတွင်ကျေး၌ လမ်းအရှည်ပေ ၃၁၀၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရက်(၁၀၀)စီမံချက်ဖြင့် ယခုဘဏ္ဍာနှစ်တွင် VDP ဘဏ္ဍာငွေကျပ် ၁၅သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅ဒသမ၃၆သန်း စုစုပေါင်းကုန်ကျငွေ ၂၀ ဒသမ ၃၆သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှု ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ၊ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် မေလ ဒုတိယပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ၈၀ ရာခိုငိနှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တောတွင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ ပြောကြားကြောင်း သိရသည်။
အောင်ရဲကျော်