ဘားအံမြို့နယ် ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအားကျေးလက်ဦးစီး(ရုံးချုပ်) စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းကွင်းဆင်းစစ်ဆေးခြင်း
Date : 15 September 2026
ကရင်ပြည်နယ်ကွပ်ကဲမှုအောက်ရှိ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်တွင် ဆောင်ရွက်သော ဘားအံမြို့နယ် ၊နောင်လုံ(ကုလားစု) ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၃၅၀ ' x ၁၂' x ၆" ) ခင်းခြင်းလုပ်ငန်းအား ကျေးလက်ဦးစီးဌာန (ရုံးချုပ်) စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင် ၊ နှင့် တာဝန်ခံဝန်ထမ်းများသည် (၁၅-၉-၂၀၂၆) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။အဆိုပါလမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၄၅၀) ၊ စုစုပေါင်း ကျပ်သိန်း(၆၀၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရှိရပါသည်။ ထို့နောက် ကျေးလက်ဦးစီးဌာန (ရုံးချုပ်) စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင် နှင့် အဖွဲ့ သည် ဘားအံမြို့နယ် ၊ နောင်လုံ(ကုလားစု)မှ ဒေသခံပြည်သူများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် ဌာနဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသည် ပြည်သူအဓိကပါဝင်သော ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအပေါ် ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ကျေးရွာသူ ကျေးရွာသားများ၏ တာဝန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။



