ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မ‌ကွေးမြို့နယ် လယ်ယား(တောင်) ကျေးရွာ၌ ရက် (၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်‌နေမှုကွင်းဆင်းစစ်ဆေး

Date : 17 May 2026

မ‌ကွေးမြို့နယ် လယ်ယား(တောင်) ကျေးရွာ၌ ရက် (၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်‌နေမှုကွင်းဆင်းစစ်ဆေး ============================================================================================ မကွေး မေလ ၁၇ ================ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လယ်ယား(တောင်) ကျေးရွာတွင် ၂၀၂၆-၂၀၂၇ခုဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် တာဝန်ရှိသူများသည် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအချိန်မီပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ကျေးရွာကော်မတီဝင်များ၏တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၇၀၀ပေ အကျယ် ၁၂ပေ ထု ၆လက်မရှိပြီး ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂၇၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၄၂၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် ယခုလ ဒုတိယပတ်က စတင်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ၂၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၁၅၀ မှ လူဦးရေ ၆၅၀ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေး အကျိုးပြုမည် ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ် ကပြောပြ၍ သိရသည်။

အခြားသတင်းများ