၂၀၂၄_၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Date : 13 September 2024
၁၃-၉-၂၀၂၄ ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ ၁၀
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ငါးသန်းဖြင့် ရွာတွင်းကွန်ကရ-စ်လမ်းခင်းခြင်း လုပ်ငန်းအရှည်ပေ ၅၇၆၊ အကျယ် ၁၂ပေ၊ အမြင့် ၆ လက်မ လုပ်ငန်းဆောင်ရွက်နေမှုများကို စက်တင်ဘာ ၁၂ ရက်က မြို့နယ်ဦးစီးမှုး ဦးအောင်ကိုကိုဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးစဉ်။
အောင်ရဲကျော်
