သံတောင်ကြီးမြို့နယ် ၊ ဒါဝါလော်ချီးကျေးရွာအုပ်စု ၊လိုလာဝေးကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးလက်ရေရှိရေးလုပ်ငန်း
Date : 16 July 2026
သံတောင်ကြီးမြို့နယ် ၊ ဒါဝါလော်ချီးကျေးရွာအုပ်စု ၊လိုလာဝေးကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း အား နိုင်ငံတော် ထောက်ပံ့ငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၂.၅) သန်း စုစုပေါင်း(၁၇.၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းမှာ (၁၀၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဆင့် နှင့် တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအား ကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ကျေးရွာမှ ရေကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာများအား မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



