ကော့မတလိန်ကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကွင်းဆင်းခြင်း
Date : 06 June 2026
ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကောမတလိန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဇွန်လ ၆ရက်နေ့က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးကြောင်းသိရှိရသည်။ထိုသို့ကွင်းဆင်းရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီတာဝင်းစံ၊မြို့နယ်ဦးစီးမှူးဦးစောဘကြည်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့်အတူ ကော့မတလိန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရူစစ်ဆေးပြီးခရိုင်ဦးစီးမှူးက ကွန်ကရစ်လမ်းကို သတ်မှတ်ရက်အတွင်း အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ကျေးရွာမှတာဝန်ရှိသူများကို မှာကြားပါသည်။ကော့မတလိန်ကျေးရွာ၌ အရှည်ပေ ၄၀၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေကျပ် ( ၁၅ )သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ( ၄ )သန်း စုစုပေါင်း ရန်ပုံငွေကျပ် ( ၁၉ )သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် အနီးကပ်ကြီးကြပ်၍ ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၆ ခုနှစ် မေလ ဒုတိယပတ် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ဘားအံမြို့နယ်ဦးစီးမှုး ဦးစောဘကြည်ထံမှသိရသည်။



