ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လှိုင်းဘွဲမြို့နယ်၊ထီးလင်းဝင်းသာကျေးရွာတွင် ဆိုလာရေပေးရေးလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

Date : 01 August 2025

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊ အထက်ရေပူအုပ်စု၊ထီးလင်းဝင်းသာ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆိုလာပန့်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာယခုအချိန်တွင် လုပ်ငန်းများ ၁၀၀ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၅၀)၊ဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် ဇွန်လ ၁၅ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း များ၁၀၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၅၂) လူဦးရေ(၂၇၂)ဦးတို့သည့် သန့်ရှင်းသော သောက်သုံးရေအတွက် ဖူလုံစွာရရှိမည်ဖြစ်ပါသည်။

အခြားသတင်းများ