ဘားအံမြို့နယ်၊လှိုင်နားကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းရာနှုန်းပြည့်ပြီးစီး
Date : 11 August 2025
ကရင်ပြည်နယ်၊နောင်လုံ(အနောက်)အုပ်စု၊လှိုင်နားကျေးရွာတွင်၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်၊ အဆိုပါ ကျေးရွာတွင် ကွန်ကရစ်လမ်းမှာအရှည် ၄၀၀ပေ အကျယ်၁၂ပေ၊ထု၆လက်မရှိပြီး ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏နည်းပညာအကူအညီရယူကာကျေးရွာပြည်သူများကိုယ်တိုင် ဇူလိုင်လ ၉ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၁၃၀) လူဦးရေ(၆၂၀)ဦးတို့၏လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေးအကျိုးပြုလျက်ရှိပါသည်။
'



