ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဘားအံမြို့နယ်၊တောင်နားကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းရာနှုန်းပြည့်ပြီးစီး

Date : 11 August 2025

ကရင်ပြည်နယ်၊ဘားအံမြို့၊အိန္ဒဲအုပ်စု၊တောင်နားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာယခုအချိန်တွင် လုပ်ငန်းများ ၁၀၀ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါသည်။အဆိုပါကျေးရွာတွင်းလမ်းမှာ အရှည်ပေ ၄၀၀အကျယ် ၁၂ပေ၊ထု၆လက်မ ရှိပြီး ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၅၀)၊ဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် ဇူလိုင်လ ၉ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း များ၁၀၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၆၀) လူဦးရေး(၂၈၀)ဦးတို့၏လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေး အကျိုးပြုလျက်ရှိပါသည်။

အခြားသတင်းများ