ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဆင်ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာ၌ (VDP)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့ စည်းခြင်းပြုလုပ်

Date : 06 August 2025

ဆင်ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာ၌ (VDP)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ် ========================================================================= ဆင်ပေါင်ဝဲ ဩဂုတ် ၆ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က(VDP) စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲစာအုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့် ကျေးရွာစီမံကိန်းကော်မတီဝင်ဖွဲ့စည်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများ၊ ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရန်အတွက် စီမံကိန်းကော်မတီဝင်ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၂၅ -၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ဂွေးချိုကျေးရွာအပါအဝင် စာရပေ(န)ကျေးရွာ၊ ပန်းလည်ကျေးရွာ တို့၌ (VDP) စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ၊ လုပ်အားတို့ဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာများပံ့ပိုးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ပြောပြ၍ သိရသည်။

အခြားသတင်းများ