ဆင်ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာတွင် VDPစီမံကိန်းဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Date : 21 October 2025
ဆင်ပေါင်ဝဲမြို့နယ် ဂွေးချိုကျေးရွာတွင် VDPစီမံကိန်းဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
============================================================================
ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ထောက်မကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည် ၄၀၀ပေ အကျယ် ၁၂ပေ ထု ၆လက်မရှိပြီး ၂၀၂၅ -၂၀၂၆ ခု ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၅၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၂၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီရယူကာ ကျေးရွာပြည်သူများကိုယ်တိုင် စက်တင်ဘာလ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ကျေးရွာရှိ အိမ်ခြေ ၂၄၆ မှလူဦးရေ ၇၅၀ ဦးတို့၏ လမ်းပန်းဆက်သွယ်မှုလွယ်ကူစေရေးအကျိုးပြုလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြ၍သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPအား ၂၀၂၅-၂၀၂၆ခုဘဏ္ဍာနှစ်တွင် ဂွေးချိုကျေးရွာအပါအဝင်၊ စာရပေ(န)ကျေးရွာ၊ ပန်းလည်ကျေးရွာ သုံးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကဆက်လက်ပြောပြသည်။



