ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

(၁၀၅)နှစ်မြောက်အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့်ဟင်္သာတမြို့နယ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောကွန်ကရစ်Wheel-Track လမ်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊

Date : 14 November 2025

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်ရွာသာကုန်းကျေးရွာအုပ်စု၊ကုန်းကြီးကျေးရွာ၌ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ((၁၀၅)နှစ်မြောက်အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့်၂၀၂၅-၂၀၂၆ခု၊ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရွာသာကုန်းကျေးရွာအုပ်စု၊ကုန်းကြီးကျေးရွာ ကွန်ကရစ်Wheel-Track လမ်းဖဲကြိုးဖြတ်ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၈)နာရီကအဆိုပါလမ်းသစ်ဖွင့်ပွဲမုဒ်ဦးရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်၊ညွှန်ကြားရေးမှူးဒေါက်တာဇာနည်မင်း၊ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးနေထက်ရှိန်၊ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးလှိုင်ထွန်း၊ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးကိုယ်စားလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးမြင့်နှင့်ဝန်ထမ်းများ၊ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦး ခန့်တက်ရောက်ခဲ့ကျပြီး အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားတွင်ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်၊ညွှန်ကြားရေးမှူးဒေါက်တာဇာနည်မင်း၊ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးနေထက်ရှိန်၊ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးလှိုင်ထွန်းတို့မှကုန်းကြီးကျေးရွာကွန်ကရစ်Wheel-Track လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးတက်ရောက်လာသူများနှင့်အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ထို့နောက် ကွန်ကရစ်Wheel-Track လမ်းသစ်အား လှည့်လည်ကြည့်ရူစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။ယနေ့ဖွင့်လှစ်ပေးခဲ့သောကုန်းကြီးကျေးရွာကွန်ကရစ်Wheel-Track လမ်း၂(၇၂၀'x၂.၅'x၆")လမ်းအား၂၀၂၅-၂၀၂၆ခု၊ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့်စီမံကိန်းထောက်ပံ့ငွေကျပ်(၁၅.၀)သန်း၊ဒေသခံပြည်သူထည့်ဝင်ငွေကျပ်(၅.၀)သန်းတို့ဖြင့်(၃၀.၆.၂၀၂၅)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၏ကျန်းမာရေး၊စီးပွားရေးနှင့်လူမှုဘဝတိုးတက်ရေးတို့အတွက် ဘက်စုံအသုံးဝင်သောလမ်းတစ်ခုဖြစ်ကြောင်းသိရသည်။

အခြားသတင်းများ