ဟင်္သာတမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်း
Date : 20 March 2025
ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အုန်းပင်ကွင်းကျေးရွာအုပ်စု၊ သင်္ကန်းအိုင်ကျောင်းစု(သင်္ကန်းအိုင်)ကျေးရွာ ကွန်ကရစ်ဘီးလမ်း ၂(၇၆၀'x၂.၅'x၆")ခင်းခြင်းလုပ်ငန်း၊ ကုန်းကြီးကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ ကွန်ကရစ်ဘီးလမ်း ၂(၆၀၀'x၂.၅'x၈") ခင်းခြင်းလုပ်ငန်းနှင့် တောင်လုံးစုကျေးရွာအုပ်စု၊ ခြေတော်ရာကျောင်းစုကျေးရွာ ကွန်ကရစ်ဘောင်ချောင်းကျောက်လမ်း (၉၂၀'x၁၁'x၆") ခင်းခြင်းလုပ်ငန်းများ၏ (၁၀၀%)လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများမှကွင်းဆင်း၍ လမ်းများရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ကြရန်၊ သန့်ရှင်းသာယာလှပသော အမှိုက်ကင်းစင်ကျေးရွာများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြပါသည်။



