ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် မှ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ် ရေကျော်အောက်ကျေးရွာအုပ်စု၊ရေကျော်အောက်ခေတ်မီစံပြကျေးရွာသို့ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF)ဖြင့်ဆောင်ရွက်နေသော

Date : 15 March 2025

၁၄-၀၃-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နှင့် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန် တို့သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ရေကျော်အောက်ကျေးရွာအုပ်စု၊ရေကျော်အောက်ခေတ်မီစံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF)လုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖွဲ့(၄)ဖွဲ့ရှိသည့်အနက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် "ပြည့်ဝအောင်"ဘိုကိတ်ပဲစိုက်ပျိုးရေးအဖွဲ့ဆောင်ရွက်သည့် ဘိုကိတ်ပဲစိုက်ခင်းသို့လှည့်လည်ကြည့်ရှု့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

အခြားသတင်းများ