ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

(၈၀)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျဉ်းမကွင်း+မြစ်ကျိုး ဆိပ်ခံတံတားသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

Date : 15 March 2025

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၌ (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပျဉ်းမကွင်း+မြစ်ကျိုး ဆိပ်ခံတံတားသစ် ဖွင့်ပွဲ အခမ်းအနားအားကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးထွန်းနိုင်၊ပျဉ်းမကွင်း+မြစ်ကျိုးကျေးရွာ ဆိပ်ခံတံတားကော်မတီဥက္ကဌဦးဇော်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆိပ်ခံတံတားသစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ အဆိုပါ ပျဉ်းမကွင်း+မြစ်ကျိုးဆိပ်ခံတံတားသစ်အား ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ်(၅၇.၀၀၆)သန်းဖြင့် Khoon Satt Family Co.Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆိပ်ခံတံတားသစ်ဆည်ဆောက်ပြီးစီးမှုကြောင့် မြစ်ကျိုးကျေးရွာရှိ တောင်သူ(၂၀)ဦးမှ ထွက်ရှိသောဆန်စပါးနှင့်ဒေသထွက်စိုက်ပျိုးရေး သီးနှံများ ဓနိ၊ထင်း၊မီးသွေး၊သစ်၊ဝါး အစရှိသော ဒေသထွက်ကုန်များကို ပျဉ်းမကွင်း+မြစ်ကျိုးကျေးရွာ ဆိပ်ခံတံတားမှ တဆင့် တံတား၏ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကျုံကူး၊ရေကျော်၊ညောင်ဝိုင်း၊သဲကုန်းကြီး၊ရေတွင်းကုန်း၊လူပု စသည့်ကျေးရွာများသို့ လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မည့်အပြင် ကျေးရွာနေ ပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုရေးတို့အတွက် များစွာအကျိုးပြုနိုင်မှာ ဖြစ်ပါသည်။

အခြားသတင်းများ