ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဟင်္သာတမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းလမ်းဖွင့်လှစ်ခြင်း

Date : 07 February 2025

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့သော ကျုံးတုံးကျေးရွာအုပ်စု၊ အင်းဇရပ်ကျေးရွာ ကွန်ကရစ်ဘောင်ချောင်းကျောက်လမ်း (၁၉၂၀'x၁၁'x၆") ကိုဖွင့်လှစ်ခဲ့ရာဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့၊ အခမ်းအနားတွင် ကွန်ကရစ်ဘောင်ချောင်းကျောက်လမ်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-(၃) ဒေါ်သီတာအောင်၊ ခရိုင်ကျေးလက်ဦးစီးမှူး ဦးတင်မော်သန်း၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဋ္ဌ ဦးညွန့်ဆန်းထွန်းတို့မှ ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်ဘောင်ချောင်းကျောက်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အခြားသတင်းများ