ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ငပုတောမြို့နယ် ကျုံကူးကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

Date : 06 February 2025

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့် မြစိမ်းရောင်စီမံကိန်းအတိုးရငွေတို့ဖြင့် ကျုံကူးကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို (၀၆-၀၂-၂၀၂၅)ရက်နေ့တွင် ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းနှင့်တာဝန်ခံအင်ဂျင်နီယာများက ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။ ငပုတောမြို့နယ် ကျုံကူးကျေးရွာ၌ အလျား(၁၄) ပေ၊ အနံ(၁၄) ပေ၊ အမြင့်( ၃၀) ပေ ရှိ အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ (၅၀၀၀)ဆံ့ ရေကန်တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျပ်( ၁၅)သန်း၊ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျပ် (၄.၉)သန်း ၊ပြည်သူ့ထည့်ဝင်ငွေ ကျပ်(၁၃.၁)သန်း စုစုပေါင်း ငွေကျပ် (၃၂.၅၉)သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ရွာသားများ ကိုယ်တိုင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၈၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါသည်။

အခြားသတင်းများ