ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစစ်ဆေး

Date : 16 December 2024

ကျိူက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစစ်ဆေး ကျိုက်ထိုမြို့နယ်၊ ဒီဇင်ဘာလ ၁၆ရက် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကော့ထင်းကျေးရွာ၌ အရှည်ပေ ၃၈၀၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာ (၁၆)ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရှိရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီပြီး အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အခြားသတင်းများ