ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

Date : 28 November 2024

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊​‌ မော်လမြိုင်ကျွန်းမြို့နယ် တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာတွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ၊ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်‌သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်​ လပွတ္တာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးဇေမင်းမင်း၊ မော်လမြိုင်ကျွန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တိုင်းတာစစ်ဆေးခဲ့ကြပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးဇေမင်းမင်းမှ ကျေးရွာစီမံကိန်းကော်မတီဝင်များအား ကျေးရွာတွင်းကွန်ကရစ်လမ်းအား အကျိုးရှိစွာတန်ဖိုးထားအသုံးပြုကြရန်နှင့် ပြုပြင်ထိန်းသိမ်းရမည့်နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၈၃၀ပေ အကျယ်‌ပေ ၆ပေ ထု ၆ လက်မ ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်(၁၅)သန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၃)သန်း၊စုစုပေါင်းကျပ် (၁၈)သန်းဖြင့် အောက်တိုဘာလ ၂၇ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၄၁၇စု လူဦးရေ ၁၈၉၁ ဦးတို့သည် အဆိုပါလမ်းကိုအသုံးအပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အခြားသတင်းများ