“ဟိုပုံးမြို့နယ် ကောင်မဲ့ဒိုင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး”
Date : 03 December 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု၊ ဝမ်ကောက်(ကောင်မဲ့ဒိုင်)ကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ခွင့်ပြု ရန်ပုံငွေ ကျပ်(၁၅.၀၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၃၀’x၁၂’x၆”) အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား (၁၂-၁၁-၂၀၂၄)ရက်နေ့တွင် ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် နှင့် တာဝန်ရှိသူတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ (၆၀%)အထိ ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


