ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာ VDP စီမံကိန်းဖြင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၉၀)% ဆောင်ရွက်ပြီးစီး
Date : 19 August 2024
ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာတွင် VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း(၈၆၀'x၈'x၆")လုပ်ငန်း (၉၀)% ဆောင်ရွက်ပြီးစီးမှူးအား ဓနုဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် ဝန်ထမ်းများက ဩဂုတ်လ (၁၉)ရက်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။