ငွေစာရင်းထိန်းသိမ်းနည်းနှင့် နှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေး အစီအစဉ် (AVIP)သင်တန်း ဖွင့်လှစ်
Date : 12 November 2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ်တွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ငွေစာရင်းထိန်းသိမ်းနည်းနှင့် နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေး အစီအစဉ်(AVIP) သင်တန်းကို ကော်မတီဝင် သင်တန်းသား/သူ (၁၂)ဦးတို့အား တာဝန်ရှိဝန်ထမ်းများမှ (၁၁-၁၁-၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် သံဖြူဇရပ်မြို့နယ် မြို့နယ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းတွင် သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဝေနှင်းမှ အဖွင့်အမှာစကားပြောကြားရာ ငွေစာရင်းထိန်းသိမ်းနည်းနှင့် နှစ်အလိုက်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေး အစီအစဉ်(AVIP) သင်တန်း ပို့ချခြင်းအားဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ရန်ပုံငွေအဆိုပြုလွှာပြင်ဆင်ခြင်း လုပ်ငန်းစဉ်နှင့် နည်းစနစ်များကို သိရှိနားလည်ပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် ကျေးလက်ဦးစီးဌာနဝန်ထမ်းများ အကျွမ်းတဝင်ရှိစေရန် ရည်ရွယ်၍ စီမံကိန်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။