ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀) စီမံချက်တွင်ညောင်ဦးမြို့နယ် ကူရွာ၌၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

Date : 26 April 2026

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကူကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကောမတီဖွဲ့စည်းခြင်းကို ဧပြီ ၂၄ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်မှူး ဦးဟန်မြင့်ထွန်းကအမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ်မှူး ဦးညီညီဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်း သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များ ‌မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင် ၁၁ ဦးကို ရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကူကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း ၁၅၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးပေးမှု အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးဦးညီညီထံမှသိရသည်။ မင်းမြင့်မိုရ်

အခြားသတင်းများ