ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သပိတ်ကျင်းမြို့နယ်တွင် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကောမတီဖွဲ့စည်းခြင်းနှင့် AVIP သင်တန်းပေးခြင်း ပြုလုပ်

Date : 21 November 2021

သပိတ်ကျင်း နိုဝင်ဘာ ၂၁ (ညနေ (၁၈:၀၀) နာရီ၊ မြဝတီ ရုပ်/သံ)

                      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကျေးရွာ (၆) ရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းများကို (၂.၁၁.၂၀၂၁) ရက်နေ့မှ (၄.၁၁.၂၀၂၁) ရက်နေ့ထိ ဖွဲ့စည်းခဲ့ပြီး AVIP သင်တန်းပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၁၁.၁၁.၂၀၂၁) ရက်နေ့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများမှ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်အလက်များ၊ စံချိန်စံညွှန်းများ၊ မြို့နယ်ရုံးသို့ ဆက်လက်တင်ပေးရမည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)

အခြားသတင်းများ