မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ
Date : 07 November 2021
သပိတ်ကျင်း နိုဝင်ဘာ ၈ (မြို့တော်သတင်း)
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ရေယာဉ်ကျေးရွာနှင့် တောင်တလုံးကျေးရွာ၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီ ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)
