ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သပိတ်ကျင်းမြို့နယ်တွင် VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

Date : 06 November 2021

သပိတ်ကျင်း နိုဝင်ဘာ ၅ (ရတနာပုံ)

                  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက် (၁၀) နာရီက အုန်းပိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သည်။

               ရှေးဦးစွာ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဆန်းက အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

               ဆက်လက်၍ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

                 ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် အုန်းပိုင်ကျေးရွာတွင် ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)

အခြားသတင်းများ