ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်ဖွဲ့စည်းခြင်း

Date : 04 November 2021

ပြင်ဦးလွင် နိုဝင်ဘာ ၄ (MRTV ရုပ်/သံ)

                 ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ Mini Budget အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ပထမဦးစားပေးရွေးချယ်ခြင်းလုပ်ငန်းများအား (၂.၁၁.၂၀၂၁) ရက်နေ့တွင် အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် ဝါးဘိုးရေကျေးရွာတို့တွင် COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

                  ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ VDP စီမံကိန်း သဘောသဘာဝ၊ ရည်ရွယ်ချက်၊ လိုက်နာရမည့်စည်းကမ်းများအား ပြောကြားပြီး ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ ရွေးချယ်ဖွဲ့စည်းအတည်ပြုခဲ့ကြပါသည်။

                   ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှာ (၁) ရွာလျှင် ငွေကျပ် (၁၀၀) သိန်းစီ၊ စုစုပေါင်းငွေကျပ် (၆၀၀) သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဦးစားပေး (၂) ရွာအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရွေးချယ်ထားကြောင်း သိရှိရပါသည်။

မင်းမြင့်မိုရ်

အခြားသတင်းများ