အိမ်မဲမြို့နယ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သင်တန်းဆင်းပွဲအခမ်းအနား
Date : 26 November 2021
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်း(VDP)သင်တန်း ဆင်းပွဲအခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ နိုဝင်ဘာလ ၂၅ ရက် နံနက် ၉နာရီ ၃၀ မိနစ်က ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က (VDP) သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား (၁) ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ သင်တန်း တွင် ကျေးရွာ (၅) ရွာမှ သင်တန်းသား/သူ (၁၀) ဦး တက်ရောက်ခဲ့ပြီး (၄) ရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
