မတ္တရာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) သင်တန်း ဖွင့်လှစ်ပို့ချခြင်းအခမ်းအနား ကျင်းပ
Date : 19 January 2020
မတ္တရာ ဇန်နဝါရီ ၁၉ (မန္တလေးနေ့စဉ်)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အား ၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း (၃၇) ရွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ (၁၆) ရွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည်။
အဆိုပါ ကျေးရွာ (၁၆) ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီး ၎င်းကော်မတီဝင်များအား မိမိတို့ကျေးရွာတွင် နှစ်အလိုက် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လိုသော စီမံချက်များနှင့် ခန့်မှန်းဘတ်ဂျက်တို့ကို ပြင်ဆင်နိုင်ရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) သင်တန်းဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို ဇန်နဝါရီလ (၁၉) ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ (၁၆) ရွာမှ ကျေးရွာကော်မတီများ တက်ရောက်ခဲ့ပါသည်။
စိုးကျော်သူ(မတ္တရာ)