သီပေါမြို့နယ် ဘော်ကြိုအုပ်စု၊ တွန်ကာကျေးရွာ ကွန်ကရစ်လမ်းခင်းအား ကွင်းဆင်းစစ်ဆေးခြင်း
Date : 26 January 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သီပေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ပ(၆)လပတ်ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက် သော ဘော်ကြိုအုပ်စု၊ တွန်ကာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၀၀%)ပြီးစီးမှုအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါကျေးရွာတွင် ဘော်ကြိုအုပ်စု တွန်ကာကျေးရွာသည် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားလျာထားအတိုင်းအတာ (၈၀၀’x၁၂’x၆’’) ဆောင်ရွက်ပြီး အတိုင်းအတာ (၂၁၄၀’x၁၂’x၆’’) ဖြစ်ပြီး စီမံကိန်းရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေ (၈၆)အိမ်၊ အိမ်ထောင်စု (၉၅)နှင့် လူဦးရေ (၃၆၂) အကျိုးပြုမည်ဖြစ်ပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းလုပ်ငန်းဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်း အမျိုးအစား၊အတိုင်းအတာအားဖြင့် (၈၀၀’x၁၂’x၆’’)ကို ကျေးရွာ(၁)ရွာလျှင် နိုင်ငံ့တော် ထောက်ပံ့ရန်ပုံငွေကျပ် (၁၀)သန်းစီဖြင့် ကျေးရွာ ပြည်သူလူထု ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့် ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်းအား သီပေါမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။



