ပန်းတနော်မြို့နယ်၊ ဒေါဝါးကျေးရွာအုပ်စု၊ ဒေါဝါးကျောင်းစုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှု
Date : 25 January 2022
ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ပထမ (၆) လ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဒေါဝါးကျေးရွာအုပ်စု၊ ဒေါဝါးကျောင်းစုကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းမှာ (၉.၁၂.၂၀၂၁) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၂၅-၁-၂၀၂၂) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ မူလလျာထားအတိုင်းအတာမှာ (၉၀၈'x၃' x၆") ဖြစ်ပြီး ကျေးရွာလူထုလုပ်အားလှူဒါန်းမှုဖြင့် (၁၃၅၀'x၃' x၆") ဆောင်ရွက်နိုင်ခဲ့သည်။



