အမ်းမြို့နယ်၌ VDP စီမံကိန်းဖြင့်ဆောင်ရွက်သည့် မြင်ကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Date : 25 January 2022
အမ်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဦးကျော်ကျော် အငယ်တန်း(အင်ဂျင်နီယာ-၂) တို့သည် VDP ဖြင့်ရေဘုတ်ကျေးရွာအုပ်စု၊ မြင်ကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ၁၀ သန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ရွာတွင်းကွန်ကရစ်ဘီးနင်းလမ်းခင်းခြင်းလုပ်ငန်း ၂*(၁၂၀၀'x၂'-၆''x၆") ဆောင်ရွက်နေမှုကိုကွင်းဆင်းစစ်ဆေးပေးစဉ်။