vdp ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Date : 25 January 2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာ (၅)ရွာအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများအနက်မှ သစ်လှကျင်း ကျေးရွာအုပ်စု ရွှေကွေ့ကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား (၅.၁၂.၂၀၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၂၀.၁.၂၀၂၂)ရက်နေ့တွင် လုပ်ငန်း (၁၀၀%) အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရ သည်။


