ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း
Date : 20 January 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် သရက်တော ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အောင်မြင်စွာ (၁၀၀%) ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ဇန်နဝါရီလ (၁၉) ရက်နေ့နံနက်ပိုင်းတွင် သထုံခရိုင်ဦးစီးမှူး၊ ဦးမိုးဝင်းနှင့် ဝန်ထမ်းများ ၊ သထုံမြို့နယ်ဦးစီးမှူး၊ ဦးမြင့်နိုင်ဦးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ သရက်တောကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေ ကျပ်(၂၉)သိန်း တို့ဖြင့် လမ်းအရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ အမြင့်(၆)လက်မ ကို စုစုပေါင်းငွေကျပ်(၁၂၉)သိန်းဖြင့် ဆောင်ရွက်၍ သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ/သားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
မိုးဝင်း(ကျေးလက်)
