မုဒုံမြို့နယ်ရှိ ကျေးရွာ(၄) ရွာ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Date : 01 October 2021
မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း (၄၀၀)နှင့် ပြည်သူထည့်ဝင်ငွေကျပ်သိန်း (၄၀) စုစုပေါင်း ငွေကျပ်သိန်း(၄၄၀)ဖြင့် ကျေးရွာ(၄)ရွာ၌ လမ်းခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည်။
မုဒုံမြို့နယ် ပိုင်ကမာကျေးရွာတွင် မြဟေမာလမ်း အရှည် (၅၀၈) ပေကတ္တရာလမ်းခင်းခြင်း လုပ်ငန်း၊ ဝက်တဲကျေးရွာ ရှင်စောပုလမ်းအရှည် (၆၀၅)ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ညောင်ဝိုင်း ကျေးရွာအနောက်ပိုင်းလမ်း အရှည်(၅၃၅) ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကွမ်လှာ(ရွာသစ်) ကျေးရွာ မဂ္ဂဒူ(၂)လမ်း အရှည် (၅၁၀)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ သိရသည်။