ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်း

Date : 24 January 2022

ရန်ကုန်တိုင်းဒေသကြီး ၊ တွံ‌တေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက‌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ‌ရေးနှစ်‌‌ ခြောက်လတာကာလ ခွင့်ပြုရန်ပုံငွေများဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျိုက်သလဲကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ ပြည်သူ ထည့်ဝင်ငွေကျပ် နှစ်သိန်းဖြင့် ရွာတွင်းပြည်သူများ ရာသီမ‌ရွေးသွားလာရေးအဆင်‌ပြေစေရန် အရှည်‌ပေ၅၅၀ အကျယ်၁၀ပေ ဒု ခြောက်လက်မ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကြပ်ကြီးကြပ်မှုဖြင့်‌ ကျေးရွာနေပြည်သူများ ကိုယ်တိုင်ပါဝင် ပူးပေါင်း အကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းခွင်သို့ တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး  ဒေါ်ယဥ်ယဥ်ဌေး၊ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းအဖွဲ့သည် ဇန်နဝါရီလ ၂၂ မွန်းတည့် ၁၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးကာ (ယာပုံ) လမ်းစံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ် ရက်အတွင်းပြီးစီးစေ‌‌ရေး ၊ရေရှည်တည်တံ့စေရေး အလေးထားလုပ်ဆောင်ရန် ၊တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရသည်။

အခြားသတင်းများ