ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သံဖြူဇရပ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Date : 25 January 2022

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်  အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျှက်ရှိသည့် ဝဲဟတာ ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကော့လေး ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိ ဝန်ထမ်းများက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

 ထိုသို့ စစ်ဆေးရာတွင် မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ဒေါ်ခင်နွယ်ဦးနှင့်ဝန်ထမ်းများ၊ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ ဒေါ်တင်ဝေနှင်း နှင့်  တာဝန်ရှိဝန်ထမ်းများ ကျေးရွာ များမှ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သက်မှတ်စံချိန်စံနှုန်း ပြည့်မီရေး အချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခြားသတင်းများ