ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဘုတ်ပြင်းမြို့နယ် ကျေးရွာငါးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

Date : 24 January 2022

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလ

အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်

သိန်း(၅၀၀)ဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာ

ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း

ဘုတ်ပြင်းမြို့နယ ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောငရွက်နိုင်ရန်

အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ

ပဏာမဦးစားပေးရွေးချယ်အတည်ပြုခြင်းအခမ်းအနားကို အောက်တိုဘာလ

ပထမအပတ်က ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉

စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဘုတ်ပြင်းမြို့နယ်စီမံကိန်း

ရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်

ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် မီနီဘတ်ဂျက်အတွက် စီမံကိန်းကျေးရွာများကို ကျေးရွာ

ရွေးချယ်ရေးစံနှုန်းများနှင့်အညီ အတည်ပြုရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုတ်ပြင်းမြို့နယ်အတွင်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၀၀စီဖြင့်

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ မြို့နယ်အတွင်းရှိ

ကျေးရွာ(၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ယခု

မီနီဘတ်ဂျက်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)

ရန်ပုံငွေကျပ် သိန်း(၅၀၀)ဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာ(၅)ရွာတွင်

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား

မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က ပြောပြ၍ သိရသည်။

အခြားသတင်းများ