ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာငါးရွာ၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မည်

Date : 24 January 2022

သမဝါမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုး

တိုးတက်ရေးလုပ်ငန်းစီးမံကိန်း(VDP)ရန်ပုံငွေ ငွေကျပ်သိန်း ၅၀၀ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို

ဘုတ်ပြင်းမြို့နယ် ကျေးရွာငါးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် (VDP)စီမံကိန်း ရန်ပုံငွေ ငွေကျပ်

သိန်း(၁၀၀)စီဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှစ၍ မြို့နယ်အတွင်းရှိ

ကျေးရွာငါးရွာ၌     အကောင်အထည်ဖော်နိုင်ခဲ့ပြီး   ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင်

(VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း၅၀၀ဖြင့် ဘုတ်ပြင်းမြို့နယ်ကျေးရွာငါးရွာ၌  ထပ်မံအကောင်အထည်ဖော်

ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြားသတင်းများ