ပုလောမြို့နယ်အတွင်းကျေးရွာ(၆)ရွာ၌ ကျေး:ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး။
Date : 24 January 2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုငွေ ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀သန်းဖြင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီ နေပြီ ဖြစ်ပါသည်။
အဆိုပါကျေးရွာ ၆ ရွာအနက် မြဒေါင်၊လှည်းကျွန်းဝ၊ ဥယျာဉ်ကမ်း၊နတ်အိမ်ကမ်း၊ တော်ဝင်၊ ကျေးရွာတို့၌ ကွန်ကရစ်လမ်းခင်းခြင်း ငါးခု၊ စက်တော်ရာ ကျေးရွာ၌ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းတစ်ခုတို့ကို ကျေးရွာတစ်ရွာလျှင် (VDP) ခွင့်ပြုငွေ ကျပ် ၁၀ သန်း ကျေးရွာ၆ရွာအတွက် စုစုပေါင်း ငွေကျပ်သန်း(၆၀) ဖြင့် ကျေးရွာနေ ပြည်သူလူထု ကိုယ်တိုင် ၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ ၁၈ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
