ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ ကျွန်းစုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းရွေးချယ်ခြင်း

Date : 15 July 2022

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ ကျွန်းစုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးဦးမင်မင်းလတ်(အငယ်တန်းအင်ဂျင်နီယာ-၃)နှင့်အဖွဲ့သည် တောပြားကျေးရွာအုပ်စု၊တောပြားကျေးရွာတွင် (၁၅.၇.၂၀၂၂)ရက်နေ့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးရွာသူ/သားများ၏ ရပိုင်ခွင့်နှင့်လိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး  ကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အခြားသတင်းများ