ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ညောင်ရွှေမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြီးကြပ်

Date : 17 August 2022

ညောင်ရွှေ ဩဂုတ်လ ၁၇

               သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတုးိတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေသည့် တုံးလည်အုပ်စု၊ မင်းလုံးကျေးရွာနှင့် ဂါလံ(၁၀၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် တုံးလည်အုပ်စု၊ တောင်ပြားကျေးရွာတို့တွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

              ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း( ၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များမှ ဦးဆောင်၍ ကျေးရွာသူ/သားများ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်ထံက သိရသည်။

အခြားသတင်းများ