ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း

Date : 22 June 2022

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဦးကျော်ဇင်ဦး (အငယ်တန်းအင်ဂျင်နီယာ-၂)နှင့်အဖွဲ့သည် ကျောက်တလုံးကျေးရွာအုပ်စု၊မြေမအုံကျေးရွာတွင် (၂၂.၆.၂၀၂၂)ရက်နေ့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးရွာသူ/သားများ၏ ရပိုင်ခွင့်နှင့်လိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး  ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

အခြားသတင်းများ