ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပေးအပ်ပွဲကျင်းပ

Date : 04 August 2022

သမဝါမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်အခမ်းအနားကို ဇူလိုင်လ (၂၈)ရက်နေ့  မနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ တောင်ကြီးမြို့၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး  ဦးမောင်မောင်ဝင်း က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ပုံငွေများပေးအပ်ချီးမြှင့်ရာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ကလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ကလည်းကောင်း၊ Cash for Wok စီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ကလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း(၁)ရွာအတွက်  ရန်ပုံငွေကျပ်သိန်း(၃၀၀) ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို ကလည်းကောင်း၊ အရင်းမပျောက်မတည်ရန်ပုံငွေစီမံကိန်း(VRFP) (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့် ကလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ကလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) (၃)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၇၀၀)ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ကလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း (၂)ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၆၀၀)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ကလည်းကောင်း၊ Cash for Work စီမံကိန်း (၁၉)ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၁၉၀၀)ကို ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ကလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၁၀)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၂၇၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) (၂၆၂)ရွာအတွက် ရန်ပုံငွေကျပ်သိန်း (၂၆၂၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အခြားသတင်းများ