ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လဲချားမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

Date : 22 July 2022

လဲချားမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲများပြောင်းပေးအပ်ပွဲကျင်းပ

=================================================================================

လဲချား ဇူလိုင် ၂၀

============

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ (၅)ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်း(၁၁:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လဲချားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်စေလိုကြောင်းနှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဝိုင်ဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုနောင်အွမ်ကျေးရွာ၊ နမ့်တုတ်ကျေးရွာ၊ နားမန်းကျေးရွာ၊ ဟဲဆိုင်ကျေးရွာ၊ ဝမ်ပန်ကျေးရွာ (၅)ရွာအတွက် ကျေးရွာကော်မတီဝင်များထံသို့ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း(၁၀၀)စီ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြစိမ်းရောင်ကော်မတီဝင်များနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်း ထံမှ သိရသည်။

 

 

                                                                                                                                                                                                                                                                     မောင်ခိုင်(ကျေးလက်)

အခြားသတင်းများ