၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဘန်းလမွတ်ကျေးရွာအုပ်စု၊ဘန်းလမွတ်ကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း
Date : 22 June 2022
၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကွပ်ကဲမှုအောက်ရှိ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး မြို့နယ်ဦးစီးမှူး၊ ဦးစိုးရယ်လွင်နှင့်အဖွဲ့သည် ဘန်းလမွတ်ကျေးရွာအုပ်စု၊ဘန်းလမွတ်ကျေးရွာတွင် (၂၂.၆.၂၀၂၂)ရက်နေ့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးရွာသူ/သားများ၏ ရပိုင်ခွင့်နှင့်လိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီး ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
