ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် အကောင်အထည်ဖော်မည့် ကျေးရွာများသို့ AVIP သင်တန်းပို့ချခြင်းနှင့် ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနား

Date : 04 August 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းကျေးရွာ(၅)ရွာမှ ကော်မတီဝင်များအား AVIP သင်တန်းပို့ချခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားကို (၄.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးရဲခေါင်မှ အဖွင့်အမှာစကားပြာကြားခဲ့ပြီး ခရိုင်ဦးစီးမှူး၊ ဦးအောင်လွင်မှ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်းနှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေးတို့အတွက် ကျေးရွာသူ/သားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် မြို့နယ်ဦးစီးမှူး၊ ဒေါ်စိုးစိုးသီမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရန်ပုံငွေလွှဲပေးအပ်ရခြင်း၊ ရန်ပုံငွေသုံးစွဲရေးအစီအစဉ်နှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ စီမံကိန်းကျေးရွာ(၅)ရွာအား ကျေးရွာ(၁)ရွာလျှင် ကျပ်(၁၀)သန်းတိတိအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

အခြားသတင်းများ