ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာသို့ ကွင်းဆင်း၍ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတိုင်းတာခြင်း

Date : 13 July 2022

၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ တံမျှားကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပုလောမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာနေ ပြည်သူများ၏ ဆန္ဒသဘောထားနှင့်အညီ ကော်မတီဝင်များကို ရွေးချယ်ဖွဲ့စည်းခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းများကို (၁၃.၇.၂၀၂၂)ရက်နေ့၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာ၌ ဦးစားပေးလုပ်ငန်းများဖြစ်သည့် ဂါလံ(၅၀၀၀)ဆံ့အုတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့်ရေပိုက်သွယ်တန်းခြင်း(၂"Ø၈၀၀') လုပ်ငန်းကို ကျေးရွာနေပြည်သူများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်စေမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး စံချိန်စံညွှန်းပြည့်မီစေရေး နည်းပညာများ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဝင်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးရွာသူ/သားများ၏ ရပိုင်ခွင့်နှင့် လိုက်နာရမည့်တာဝန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အခြားသတင်းများ