ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မိုင်းတုံမြို့နယ်၌ VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀၀ လွှဲပြောင်းပေးအပ်

Date : 24 July 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဝင် ကျေးရွာများအား စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀၀ လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၂၃ ရက်တွင် အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားတွင် မိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်က စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များ၊ကျေးရွာမှဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် တက်ရောက်လာကြသော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် နမ့်ယွန်းကျေးရွာ၊ ကြယ်ပဲကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဂေါ်တောကျေးရွာ၊ ပိန်းမုံကျေးရွာ၊ ပါခါးကျေးရွာ၊ မယ်ရိုးခါးကျေးရွာ၊ ဟွေရှဲန်လုံကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့်လုပါခိုင်ကျေးရွာ တို့မှ ကော်မတီဝင်များထံသို့ စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီကို အသီးသီးလွှဲပြောင်းပေးအပ်ကြောင်း မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစိုင်းအောင်မျိုးထက်ထံမှ သိရသည်။

အခြားသတင်းများ